Local News

မန္တလေးကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် ပဲမျိုးစုံ အမြင့်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေ

Last Updated:

စက်တင်ဘာလ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ပဲအသစ်များဝင်ရောက်မှုမရှိပဲ လက်ကျန်လှောင်လက်ပဲများသာ အရောင်းအဝယ်ဖြစ်နေပြီး၊ အမြင့်ဈေးဖြင့် ဈေးငြိမ်နေကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။

          ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၆၅၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၁၇၀၀၀၀ ၊ ယခင်လ ကျပ် ၁၄၅၀၀၀ မှ ၁၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ်၂၀၀၀၀မှ ၅၀၀၀၀ မြင့်တက်လာ သည်။

          ပဲတီစိမ်း(ခွဲပဲ) ၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၃၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၄၀၀၀၀ ဖြစ်သည်။ ယခင်လ ကျပ် ၁၀၅၀၀၀မှ ၉၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာ သည်။

          မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၉၅၀၀၀ မှ ၁၉၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၁၀၀၀၀ မှ ၁၉၅၀၀၀၊ ယခင်လကျပ် ၁၇၅၀၀၀ မှ ၁၇၃၀၀၀ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၁၇၀၀၀ မှ ၂၀၀၀၀ မြင့်တက်လာသည်။

          ပဲစဉ်းငုံ(နီ) ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၉၈၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၀၅၀၀၀ မှ ၂၀၀၀၀၀ ၊ ယခင်လကျပ် ၁၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၇၀၀၀၊ ယခင်လထက်ကျပ် ၂၃၀၀၀ မြင့်တက်လာသည်။

          ပဲစဉ်းငုံ(ဖြူ) ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၈၈၀၀၀၊ ယခင် တစ်ပတ်ကျပ် ၁၉၅၀၀၀ ၊ ယခင်လကျပ် ၁၆၇၀၀၀ မှ ၁၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၇၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက်ကျပ် ၂၃၀၀၀ မှ ၂၁၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News